Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

အာရှနေ၀န်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ စက်တင်ဘာလ ၉ ရက်နေ့ ကျရောက်မည်ဖြစ်သောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူတစ်ရပ်လုံးသို့ အသိပေး တိုက်တွန်းအပ်ပါသည်။ U Ottama Day 9.September.(1939),U Ottama Day, death of Nationalist Buddhist Arakanese Monk VenerableU Ottama (1879-1939), The pioneer of the Burmese independence movement, cosmopolitan revolutionary. by kumara in Rangoon, Myanmar.

Homeဆရာတော်ဦးဥတ္တမ U Ottama Day...........2009.September.09Sep 11, 2008
အာရှနေ၀န်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ စက်တင်ဘာလ ၉ ရက်နေ့ ကျရောက်မည်ဖြစ်သောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူတစ်ရပ်လုံးသို့ အသိပေး တိုက်တွန်းအပ်ပါသည်။ U Ottama Day
9.September.(1939),U Ottama Day, death of Nationalist Arakanese Buddhist Monk VenerableU Ottama (1879-1939), The pioneer of the Burmese independence movement,cosmopolitan revolutionary...
.
Photo Albumလွတ်လပ်ရေးမျိုးစေ့ချခဲ့သူ။ Arakan Mertyr U Ottama photo Memorial Sep 5, 2009
ddd
dThumbnaild
ddd
Photo Album 2009-09-05
1 Photo, 1 comment
ddd
dThumbnaild
ddd
Photo Album 2009-09-04
9 Photos, 2 comments
ddd
dThumbnaild
ddd
Photo Album 2009-08-24
5 Photos, 2 comments
ddd
dThumbnaild
ddd
Photo Album 2009-08-23
1 Photo, 1 comment
ddd
dThumbnaild
ddd
Photo Album 2009-08-19 #4
5 Photos, 1 comment
ddd
dThumbnaild
ddd
Photo Album 2009-08-19 #3
5 Photos, 2 comments
ddd
dThumbnaild
ddd
Photo Album 2009-08-19 #2
13 Photos, 1 comment
ddd
dThumbnaild
ddd
Photo Album 2009-08-19
8 Photos, 1 comment
ddd
dThumbnaild
ddd
Photo Album 2009-08-13 #3
20 Photos, 4 comments
ddd
dThumbnaild
ddd
Photo Album 2009-08-13 #2
11 Photos, 1 comment
ddd
dThumbnaild
ddd
Photo Album 2009-08-13
5 Photos
ddd
dThumbnaild
ddd
Photo Album 2008-10-01
3 Photos
ddd
dThumbnaild
ddd
ဆရာတော်ဦးဥတ္တမ
7 Photos, 3 comments
ddd
dThumbnaild
ddd
Photo Album 2008-09-22
6 Photos, 3 comments
ddd
dThumbnaild
ddd
ဆရာတော်ဦးဥတ္တမ
9 Photos, 3 comments
ddd
dThumbnaild
ddd
Photo Album 2008-09-17
18 Photos
ddd
dThumbnaild
ddd
Arakana's AshinOttama Martyr at photo,ဦးဥတ္တမနေ့ အထိမ်းအမှတ်
41 Photos, 5 comments

   View All
.
.
NoteU Ottama Memorial Books
   
ottama wrote on Dec 26, '09
၁။ ဆရာတော်ရဲ့ အခန်းကဏ္ဍဟာ ဒီကနေ့ခေတ် သံဃာထုအကြားမှာ ဘယ်လောက်တောင် တည်တံ့နေသေးတယ်လို့ ထင်ပါသလဲ။
၂။ လွတ်လပ်ရေး မီးရှူးတန်ဆောင်ကြီး ဆရာတော် ဦးဥတ္တမသာ ပျံလွန်တော်မမူခဲ့ရင် တိုင်းပြည်အတွက် အကျိုးသက်ရောက်မှု ဘာတွေ ထပ်ဖြစ်လာနိုင်ပါသေးလဲ။
ဆိုတဲ့…လည်းကောင်းမေးခွန်းကိုဖြေကြားခဲ့သူ
ဆရာတော်ဦးဥတ္တမနေ့..ဒီဇင်ဘာလ - 28.ရက်နေ့ ဂုဏ်ပြုခြင်း
ဆရာတော်ရဲ့အခန်းကဏ္ဍဟာ…မြန်မာပြည်သူများအတွက်သာမက…ပြည်ထောင်စုဖွား တိုင်းရင်းသားညီကိုယ်မောင်နှမများအတွက် မျိုးချစ်စိတ်ဓါတ်..ဇါတိသွေးဇါတိမာန်..လွတ်လပ်ရေးစိတ်ဓါတ်ရှင်သန်းတက်ကြွမူ..တိုင်းရင်သားအချင်းချင်း စည်းစည်းလုံးလုံး…နိုးကြားလအောင်ထိ..ရုပ်ထုများကပြောပြလိုမကုန်ပါဘူး…ဒါပေမယ်..ယနေ့..ရုပ်ထုများကပြောပြနေသလို..2007 နှစ်..စက်တင်ဘာ…သံဃာတော်တော်လှန်းရေးကြီးဟာလုပ်ရှားနေဆေပါပဲ…ယနေ့ဆိုရင်..နှစ်ပေါင်း..(100)ကျော်နေပြီးဆိုတော့..ယနေ့..ပြည်တွင်း ပြည်ပ…သံဃာထုကြီးတရပ်လုံးမှ…လွမ်းမိုးနေတဲ့…ဆိုတာ..သက်သေပြုနေပါတယ်..ဒီစိတ်ဓါတ်ဟာ..ဆရာတော်ဦးဥတ္တမ..ရဲ့စိတ်ဓါတ်လိုပြောရလောက်အောင်..မကုန်ခန်းပါဘူး..ဒါကြောင်းဆရာတော်ရဲ့..အခန်းကဏ္ဍဟာ..တိုင်းရင်းသား..ရခိုင်တမျိုးသားလုံးအတွက်…လွတ်လပ်သောတရားမျှတသော…လူအခွင့်ရေးကိုဟောကြားခဲ့တာမဟုတ်ပါဘူးဆိုတာကို…တိုင်းရင်းသားညီကိုယ့်မောင်နှမများတို့ဟာ…ဒါဟာ..ပြည်ထောင်စုတိုင်းရင်းသားများနှင့်သာ..သက်ဆိုင်တဲ့ဆိုတာကို…ပြီးခဲ့တဲ့..သံဃာတော်လှန်းရေးကြီးက…သက်သေပြခဲ့သလို….ဆရာတော်ရဲ့စိတ်ဓါတ်များယနေ့ထိတည်တံ့ခိုင်မြဲဖိုအတွက်…တိုင်းရင်းသားညီကိုယ့်မောင်နှမများ..မိမိတို့လိုအပ်တောင်းတနေတဲ့..ဒီမိုးကရေးဆီသို့တက်လှမ်းနိုင်အောင်..ပြည်တွင်း ပြည်ပ..သံဃာထုတစ်ရပ်လုံးက…တောင်းဆိုနေတာကို ကမ္ဘာကသိရှိခဲ့ပြီး လွတ်လပ်ရေး မီးရှူးတန်ဆောင်ကြီး ဆရာတော် ဦးဥတ္တမ သာ ပျံလွန်တော်မမူခဲ့ရင် တိုင်းပြည်အတွက် တိုင်းရင်းသားညီကိုယ့်မောင်နှမများ..ယနေ့ဆိုရင်း…သံဃာတော်များအချင်ချင်းကို…ဂိုဏ်ကွဲအောင်..ဂိုဏ်ဂဏကွဲပြာအောင်…မည်သူတဦးတယောက်မျှမလုပ်ရှားနိုင်သလို…ပြည်သူအချင်းချင်း…စိတ်ဝမ်းကွဲပြားအောင်..တိုင်းရင်းသားအချင်းချင်းစိတ်ဝမ်းကွဲပြားအောင်..တိုင်းတပါးကိုမပြောနဲ့..ယနေ့..အုပ်စိုးနေတဲ့..စစ်ခေါင်ဆောင်များလေ..အခုထိစစ်သက်တမ်းရှည်နေစရာမရှိပါဘူးဆိုတာကို..မိမိအနေဖြင့်..လုံးဝသက်ဝင်ယုံကြည်နေတယ်ဆိုတာကို…လည်းကောင်း..ဆ၇ာတော်ဦးဥတ္တမ..ရုပ်ထုကစကားပြောနေပါတယ်…ရုပ်ထုများကပြောပြနေသလို….ဒါကြောင်းမိုယနေ့ခေတ်..ပြည်ထောင်စုဖွားတိုင်းရင်းသားများ..နှောင်တကို..နောက်မတမ်းတဖို့အတွက်..ပြည်တွင်း ပြည်ပရှိတိုင်းရင်းသား..ရဟန်းရှင်းလူများ..တိုင်းပြည်နဲ့လူမျိုးမိမိတို့လူအခွင့်ရေးကို..လွတ်လပ်ရေးမီးရူးတန်ဆောင်ကြီး..ဆရာတော် ဦးဥတ္တမကဲ့သို့..အနာဂတ်မျိုးဆက်လူငယ်များအတွက်…ယနေ့..မည်သည်စစ်ခေါင်ဆောင်ကိုမဆိုတိုက်ထုတ်နိုင်ရမယ်…ဒါကြောင့်..မိမိတိုသိရှိဖို…အရေးကြီးတာက…အပြင်ရန်သူထက်..အတွင်းရန်သူကို..အမြန်ဆုံးတိုက်ခိုက်နိုင်ရမယ်…ဒါပေမယ် …ယနေ့ဆိုရင်..တိုက်ထုတ်ရမက..န.အ.ဖ..စစ်ခေါင်ဆောင်များကို..အမြန်ဆုံးတိုက်ထုတ်နိုင်ဖို့က သိပ်အရေးကြီးပါတယ်ဆိုတာ…ပြည်ထောင်စုဖွားတိုင်းရင်းသားညီကိုယ့်မောင်နှမများသို့ အသိပေးပြန်ကြားအပ်ပါတယ်။
ရေး…….အညတြာဘိက္ခူ…….ရန်ကုန်မြို့…………………….26.12.2009
ဒီဇင်ဘာလ(28)၇က်နေ့..ဆရာတော်ဦးဥတ္တမ မွေးနေ့ အခမ်းအနားများပြုလုပ်မယ်နော်....2009 http://ottama.multiply.com/
ottama wrote on Dec 22, '09
&cdkifhtmZmeDtmoSseD0ef;jrefrmhvGwfvyfa&;rD;&SL;wefaqmif

အသျှင်ဥတ္တမ(နှစ်၁၃၀ပြည့်) အထိမ်းအမှတ်

(၂၈ ဒီဇင်ဘာ ၂၀၀၉)

ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၈)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ် သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့သည်
ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့ခြင်းဖြစ်သည်။
ဆရာတော် ဦးဥတ္တမသည် ဘာသာစကားပေါင်း(၉)မျိုးကိုကောင်းစွာတတ်မြောက်ပြီး အန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှနိုင်ငံအများ အပြား တို့ကို ခရီးလှည့်လည်ခဲ့သည်။
ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန့်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။
ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။
ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့်အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယအကြိမ်အဖမ်းခံခဲ့ရသည်။
ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွား ပါ” ဟူသော စာကိုရေးသားပေးပို့ခဲ့သည်။
ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတေယ်ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခဲ့သည်။

ဆရာတော်ကိုမြန်မာတပြည်လုံးကလေးစားခြဲ့ကသည်။ဆရာတော်ဦးဥတ္တမအခန်းအနားများအ

အမြဲပြုလုပ်ခဲကြသည်။စစ်အာနာရှင်များလက်ထက်တွင်
ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမှုးများဖြစ်လာမည်ကို စစ်အာဏာပိုင် များမှစိုးရိမ်လာသည့်အတွက် ဆရာတော်အား မေ့ပျောက်စေရန် သမိုင်းစာအုပ်များတွင်ရေးသားခွင့်များပိတ်ပင်ပြီးကျောင်းသုံးစာအုပ်မှလည်းဆရာတော်သမိုင်ကိုဖျောက်ဖျက်ခဲ့သည် ရွှေတိဂုံဘုရားအနှီးရှိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံနှင့်ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်းနှင့် ဆရာတော်ရုပ်တုကို ပူဇော် အရိုအသေပေးမှု များအခန့်အနားလုပ်ခြင်းများကို တားမြစ်အရေးယူခြင်းများ ရှိသည်။စစ်အစိုးရသည်ဆရာတော်ဗမာပြည်လွတ်မြောက်ရေးအ

တွက်ပထမမျက်စီဖွင့်ပေးခဲ့သည်ဆိုသောသမိုင်းအစဉ်အလာကိုဖျောက်ချင်ဇောဖြင့် စစ်အစိုးရ

လက်ထက်တွင် ဂရက်တောက်မင်းထွက်သွား စကားကိုစစ်သမိုင်ပြတိုက်တွင်ပြသထားရာတွင်ဆရာတော်နေရာတွင်ဆရာတော်တပည့်ဦးဝီ

ဇာရရုပ်ထုဖြင့်သမိုင်တွင်ယခုအထိစစ်သမိုင်ပြတိုက်တွင်ပြသထားသည်။။

“ရဲလျှင်ကြံ။ ကြောက်လျှင်ပြန်
သူရသတ္တိနည်းလျှင် ပျက်စီးရမည်
ကိုယ်ဖို့ကြုံလျှင် သက်လုံကောင်းကြပါစေ
သွေးမထွက်သောစစ်ပွဲကြီးကို ဆင်နွှဲကြ။
ကိုယ့်ရည်မှန်းချက် အောင်မြင်ချင်ရင် နောက်မတွန့်ကြနဲ့။ ( ဆရာတော်ဦးဥတ္တမ)

ဆရာတော် ဦးဥတ္တမသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားကျော်စောသူ ပုဂ္ဂိုလ်ကြီးတဦးဖြစ်ပါသည်။ ထင်ရှား ကျော်စောရခြင်း၏ အရင်းအမြစ်သည် ဆရာတော်အနေဖြင့် နိုင်ငံအကျိုးဆောင်ရွက်ရာတွင် ရခိုင်သားတို့၏ ဗီဇစရိုက် အကျင့်ဖြစ်သည့် ရိုးသားမှု၊ ပွင့်လင်းမှု၊ ရင်ထဲတွင်ရှိသမျှကို မကွယ်မဝှက် ဘွင်းဘွင်းပြောဆိုတတ်မှု အပေါ် အခြေခံသည်ဟု ကောက်ချက်ချလိုသည်။
ဆရာတော်သည် နိုင်ငံရေးသမားတဦးမဟုတ်ပါ၊ နိုင်ငံရေးအကျိုးဆောင် တဦးသာဖြစ်ပါသည်၊ဆရာတော်တွင် နိုင်ငံရေး သမားတဦးကဲ့သို့ လက်ဝဲ၊လက်ျာနှင့် လစ်ဘရယ်စသော နိုင်ငံရေးဝါဒများ မရှိခဲ့ပါ၊ နိုင်ငံရေးအကျိုးဆောင်ခြင်းသည် နိုင်ငံသူနိုင်ငံသားများ ကောင်းစားရေးအတွက် ပရဟိတအလုပ် သက်သက်သာဖြစ်ကြောင်းကို ဆရာတော်သည် မီးမောင်းထိုးပြ နိုင်ခဲ့ပါသည်။ နိုင်ငံရေး အကျိုးဆောင်သူများတွင် အတ္တဟိတဆိုသော ကိုယ်ကျိုးစီးပွားကို လုံးဝအဓိကမထားကြပါ။ ကိုယ်ကျိုးစွန့်သူ များသာ ဖြစ်ကြပါသည်၊ နိုင်ငံသူ နိုင်ငံသားအား တပါးကျွန်ဘဝက လွှတ်မြောက်ရေးနှင့် လူသားရင်းမြစ် တိုးတက် ဖွံ့ဖြိုးရေးသည်သာ အဓိက အခြေခံ ခံယူကြပြီး မိမိအသက်ခန္ဓာဥစ္စာကိုပင် စတေးထားသူများပင်ဖြစ်ကြပါသည်။ ဆရာတော် ဦးဥတ္တမအပါအဝင် ဝံသာနုခေတ်က ပုဂ္ဂိုလ်များ။။

၁၉၁၈ခုနှစ်တွင် ဆရာတော်ဦးဥတ္တမသည် ဥရောပတိုက်၊အမေရိကန်၊ဂျပန်ပြည် စသည်တို့မှ ပြန်ကြွ၍ လာသောအခါ မြန်မာပြည်တွင် ဝိုင်-အမ်-ဘီ-အေ အသင်းက နိုင်ငံရေးလုပ်ငန်းများကို စတင်လုပ်ကိုင်နေကြပြီ ဖြစ်ကြသဖြင့် ဦးဥတ္တမလည်း ဝင်ရောက်ကူညီကာ စိတ်အားထက်သန်စွာ လုပ်ဆောင်လေသည်။ ဤကဲ့သို့ စတင်လုပ်ဆောင်လျှင် လုပ်ဆောင်ခြင်းပင် အစိုးရ စုံထောက်များမှာ ဆရာတော်နောက်သို့ တကောက်ကောက် လိုက်နေခြင်းကြောင့် ဦးဥတ္တမအား သံဃာတော်များက မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော် ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီအနည်းငယ် ကြမ်းတမ်းရကား အရဟတ္တဓဇဂုဏ် နှင့် မညီညွတ်ဟုဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိစတြိတ် သမိုင်းမြို့ရှိ အိမ်တအိမ်တွင် သတင်းသုံးနေရရှာလေသည်။ ထိုအချိန်အခါတွင် သူရိယသတင်းစာက ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ပုံများကို အထူးတလည် ထောက်ခံအားပေးသည့်ပြင် ဆရာတော်၏ အပြုအမူမှန်သမျှ မှန်ကန်ကြောင်းကို နေ့စဉ်လိုပင် ရေးသားကြ၏။ ဤနည်းအားဖြင့် တစတစ သတင်းစာဖတ်၍ ခေတ်မှီသောလူများ နိုင်ငံရေးမျက်စိပွင့်၍လာသောကြောင့် ဦးဥတ္တမဟောသော တရားပွဲများသို့ သွားရောက်ခါ နိုင်ငံရေးတရားများကို နာစပြုကြလေသည်။ ဆရာတော် ဦးဥတ္တမမှာ များသောအားဖြင့် ဦးလှဖေ၊ ဦးဘဖေတို့နှင့် အတူ သူရိယသတင်းစာတိုက်တွင် သတင်းသုံး၏ ဦးဥတ္တမ နိုင်ငံရေးလုပ်ဆောင်ရာတွင် ထိုခေတ်အခါက ခေတ်၏ရှေ့ပြေးဖြစ်သော ဦးဘဖေ၊ ဦးလှဖေ စသောပုဂ္ဂိုလ်များက အားပေးလေ၏။ ၄င်းတို့၏လုံ့လကြောင့် သူရိယသတင်းစာ၏ အကူအညီဖြင့် တိုင်းသူပြည်သားများ၏ မျက်စိပွင့်လင်း၍ လာလေသည်၊ သို့ဖြစ်သဖြင့် သူရိယသတင်းစာ၏ ထိုစဉ်က ဆောင်ရွက်ချက်များကို တိုင်းသူ ပြည်သူသားများက ကျေးဇူးတင်ထိုက်လေသည်။
ဦးဥတ္တမမှာ နိုင်ငံရေးတရားကို ကြမ်းကြမ်းဟောတတ်သည့်အတိုင်း သံဃာတော်များ ကျောင်းတွင်ကျိန်း၍ မနေကြရန်နှင့်။ တိုင်းပြည်သည် ကျွန်ဘဝရောက်၍နေသောအခါ တိုင်းသူပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များကိုးကွယ်သော ဘာသာသည်လည်း ကျွန်ဘာသာနှင့် ကျွန်သာသာနာပင်ဖြစ်မည်။ ကျွန်ဘဝမှ လွတ်မြောက်မှသာလျှင် သာသနာ ကြီးပွါးထွန်းကားနိုင်မည် ဖြစ်သောကြောင့် ကျောင်းများတွင် ကျိန်း၍နေခြင်းငှါ မသင့်ကြောင်း သံသာသမဂ္ဂီဖွဲ့စည်းကာ လွတ်လပ်ရေး ကြိုးစားသင့်ကြောင်း သံဃာတော်များအားအား သတင်းစာမှ၎င်း။ တရားဟောရာ၌၄င်း။ ဆွဲငင်ပြောဆိုလျှောက်ထားသဖြင့် သံဃာတော်များမှာ သာသ နာ ညှိုးငယ်သည်ကို ကိုယ်တိုင်တွေ့ရခြင်း။ တကာတကာမများမှာ တနေ့တခြားအောက်တန်းကျ၍လာခြင်း ဆင်းရဲခြင်း။ သာသနာပြုမင်း ရှိမှသာလျှင် သာသနာစည်ပင် ဖွံ့ဖြိုးတိုးတက်မည်တို့ကို သတိရကာ နိုင်ငံရေးတွင် စိတ်ဝင်စားစ ပြု၍လာတော့သည်။
ဦးဥတ္တမသည် ထိုစဉ်အခါက လူငယ်စုများဖြစ်ကြသော ဦးဘဖေ၊ ဦးသိမ်းမောင်၊ ဦးလှဖေ၊ ဦးမောင်ကြီး စသောသူများ၏ အားပေးချက်အရ ရွှေတိဂုံစေတီတော်ကြီး၎င်း။ ဗိုလ်တထောင်ဘုရား၌၄င်း။ ဗိုလ်တထောင် လွှစင်တန်း၌၄င်း။ တရားဟောပြောရာတွင် အစဦးက (၃ဝ)/(၄ဝ)မျှ လာရောက်၍ နိုင်ငံရေးတရားကို နာကြသော်လည်း တစတစ တရားနာ ပရိသတ်တိုး၍ လာလေသည်။ ဤသို့ဟောပြောရာမှ ရန်ကုန်မြို့တွင်သာမဟုတ်၊ တောနယ်များသို့လည်း ကြွရောက်ဟောပြော၏။ ထို့နောက် ၁၉၂၁ ခုနှစ် ဒေးဒရဲ ဆူးကလပ်ရွာတွင် တရားဟောပြောသည့်အတွက် ပုဒ်မ ၁၂၄ (က) အစိုးရအကြည်အညိုပျက်မှုနှင့် တရားစွဲခံရ၏။ ထို့ကြောင့် ပုသိမ်နယ် ကျောင်းကုန်းတွင် တရားဟောနေစဉ် ဖမ်းဆီးပြီးလျှင် ဖျာပုံမြို့သို့ ယူဆောင်ပြီး၊ ဖျာပုံမှတဆင့် မအူပင်ရုံးသို့ လွှဲပြောင်းကာ ထောင်ဒဏ်အပြစ်ပေးခြင်း ခံရလေသည်။
ဤသို့ ဦးဥတ္တမအား အပြစ်ပေးလိုက်သောအခါ တပြည်လုံး လူရော သံဃာပါ နိုးကြားလာကြပြီးလျှင် နိုင်ငံရေးစိတ်ဓါတ် အထူးဝင်စားလေတော့သည်။ သံဃာတော်များမှာလည်း အမှုမဲ့အမှတ်မဲ့ နေခြင်းငှါ မသင့်ပြီဟု ယူဆပြီးလျှင် ရန်ကုန် သရက်တော ကျောင်းတိုက်နှင့် ဗဟန်းတိုက်များတွင် သံဃသမဂ္ဂီအသင်းများကို စတင် တည်ထောင်လေသည်။ ထို့နောက် အောက်မြန်မာပြည် တဝှမ်းလုံးတွင် သံဃသမဂ္ဂီ အသင်း (၃၇)သင်းကို တည်ထောင်ပြီးစီး၏။ဆရာတော် ဦးဥတ္တမ ထောင်ကျ၍ သံဃာတော်များနှင့် လူထုကြီး ပူးပေါင်းကာ လွတ်လပ်ရေးကြိုးပမ်းမှုကြီး အရှိန်အ ဟုန် မြင့်မားလာခဲ့ပါသည်။
ဆရာတော် ဦးဥတ္တမ နှစ် (၁၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ဆရာတော်၏ အတွေးအမြင်များကို ရဟန်းရှင်လူ အပေါင်းနှင့် တပ်မတော် အတွင်းရှိ သားကောင်းစစ်သည်များထံသို့ နိုင်ငံရေး အကျိုးဆောင်စိတ်ဓါတ်များ နိုးကြွစေရန် မျှဝေလိုက်ပါသည်။ေ၇း...နိုင်နိုင်..(စစ်တွေ)

ottama wrote on Sep 9, '09
Security Tightened in Sittwe for Ottama Day

9/9/2009

Sittwe: The military authority has deployed many additional police forces at every intersection throughout Sittwe to prevent any incidents during the 70th anniversary of Saradaw Ottama Day.

One witness said, "Our town is now blanketed with police forces by the authority because today is venerable monk Ottama day. The authority deployed the police forces to prevent any possible demonstrations or distribution of flyers regarding Ottama."

At least five constables have been deployed at each intersection in Sittwe since Sunday.

Moreover, many riot police have also been deployed to key places in the city, including Sittwe University, Fire Brigade Intersection, Lawka Nandar Pagoda, Ottama Garden, Bura Gri Temple, U Ray Kyaw Thu Monastery, the town hall, and Bura Myar Thein.

The military authority has banned the observance of Ottama day in Burma, so residents, particularly students and monks, who respect Ottama, hold ceremonies in secret.

On 9 September last year, a group of Arakanese monks and elders marched to Ottama Garden to lay wreaths and light candles at the foot of the Ottama monument there, but the authorities stopped them.

When authorities blocked the entrance gate to Ottama Garden, a clash between the locals and police erupted, but was later solved by the high authority.

However, U Maung Nyo, a well-known community leader who led the march that day, was summoned to the police station and warned against doing anything similar in the future.

The authority is worried that a similar incident could occur again on Ottama day, and has deployed police forces around Sittwe in an effort to prevent any public observance of the anniversary, said the witness.

Ottama was a prominent educated monk in Burma who rallied the national spirit among Burmese people to fight against British rule for independence. He sacrificed his life for the independence of Burma. He was born in Sittwe on 27 December, 1879, and passed away in Rangoon on 9 September, 1939.
လည်ကောင်.........နိရဉ္စရာ သတင်းမှကူးယူဖော်ပြ ပါသည်။ http://www.narinjara.com/details.asp?id=2335
ottama wrote on Sep 9, '09
နှစ်(၇၀)မြောက် ဆရာတော် ဦးဥတ္တမနေ့ ကော့(စ်)ဘာဇားတွင် ကျင်းပ

9/9/2009

မောင်အေး(နိရဉ္စရာ) နှစ်(၇၀)မြောက် ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ် အခမ်းအနားကို ဘင်္ဂလာ-မြန်မာနယ်စပ် ကော့(စ်) ဘာဇားတွင် ယနေ့နံနက်က ပြည်ပရောက် ရခိုင် အမျိုးသားများက စုပေါင်း ကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို ယနေ့နက် ၉ နာရီတွင် ကောာ့(စ်)ဘာဇားမြို့ရှိ ရခိုင်အမျိုးသားများ တိုးတက်ရေး အဆောက်အအုံ ( အာရ်ဒီအက်ဖ်) တွင် ကျင်းပ ပြုလုပ်ခဲ့ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

၎င်းနောက်ပိုင်း တက်ရောက်လာသူများက ဆရာတော် ရုပ်ပုံရှေ့တွင် လွန်းသူ့ပန်းခွေ ချကာ ဦးညွတ်အလေးပြုခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်သည့် အရှင် စန္ဒာဝရက “ဒီနေ့ကျရောက်တဲ့ နှစ်(၇၀)မြောက် ဆရာတော် ဦးဥတ္တမနေ့မှာ ပြည်ပမှာရောက်နေကြတဲ့ ရခိုင်အမျိုးသားတွေ စုပေါင်းကျင်းပနိုင်ကြတဲ့အတွက် ၀မ်းသာပါ တယ်။ အခုဦးဇင်တို့လုပ်နေသလို ပြည်တွင်းမှာ ဆရာတော်ဦးဥတ္တမနေ့ကို မကျင်းပနိုင်ကြတဲ့အပြင် ဆရာတော်ဦး ဥတ္တမနဲ့ပတ်သတ်တဲ့ သမိုင်း အထောက်အထားတွေကို စစ်အစိုးရအဆက်ဆက်က ဖျက်ဆီးပစ် ခဲ့တယ်။ ဒါပေမယ့်လည်း ဆရာတော် ဦးဥတ္တမနေ့ကို နိုင်ငံတကာမှာ ရောက်နေကြတဲ့ ရခိုင် အမျိုးသားတွေက တတ်နိုင်တဲ့နည်းနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာကို တွေ့ရတယ် ၀မ်းသာအားရ ဖြစ်မိပါတယ်” ဟု အဖွင့်မိန်းခွန်းတွင် ပြောသည်။

အခမ်းအနားသို့ ပင့်ဖိတ်ထားသည့် ရဟန်းတော်များ ဒေသခံလူငယ်များနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ရောက်ရှိ နေကြသည့် တသီးပုဂ္ဂလိကများအပါအ၀င် ပြည်ပရောက်ရခိုင် အမျိုးသာ စုစုပေါင်း အင်အား ၆၀ ကျော် တက်ရောက် ခဲ့သည်။

ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ ကိုအောင်သန်းက “ ဒီအခမ်းအနားကို ကျင်းပရတာက ဆရာတော်ကို လေးစားကြည်ညိုတဲ့ အနေနဲ့ ကျင်းပရတာ ဖြစ်သလို ဆရာတော်ကဲ့သို့ မြင့်မြတ်သော ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်တွေလည်း ဆရာကဲ့သို့ တော်လှန်ရေး နိုင်ငံရေနယ်ပယ်မှာ အနစ်နာခံ ရိုးသားစွာ လုပ် ဆောင်နိုင်ဖို့စံနမူနာ ယူနိုင်ကြအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ပြုလုပ်ရတာဖြစ်ပါတယ်။” ဟုပြော သည်။

ဆရာတော်ဦး ဥတ္တမပျံလွန်တော်မူသည့် ၁၉၃၉ ခုနှစ် စက်တင်္ဘာ ၉ ရက်နေ့ကိုရခိုင်တမျိုးသားလုံးက ဆရာတော်ဦး ဥတ္တမနေ့အဖြစ်သတ်မှတ်ထားသည်။

အခမ်းအနားတွင် တက်ရောက်လာကြသည့် ရခိုင်အမျိုးသားများက ဆရာတော်ဦးဥတ္တမ ဘ၀လျောက်လုံး ကိုယ်ကျိုးစွန့်အနစ်နာခံပြီး နိုင်ငံရေးလုပ်ဆောင်ချက်များကို ဟောပြောခဲ့ကြပြီး ရဲဘော် စောရာဇာက ဆရာတော်အား သီးချင်းတပုဒ်ဖြင့် သီဆို ဂုဏ်ပြုခဲ့သည်။

အခမ်းအနားကို နံနက် ၁၁ နာရီတွင် တက်ရောက်လာသူများက ဆရာတော်အား ရည်မှန်းပြီး ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ရေစက်ချအမျှပေးဝေပြီး ကြွရောက်လာကြသည့် ရဟန်းတော်များကို မွန်းလွဲ ဆွမ်းဆက်ကပ် လှူဒါန်းပြီး အောင်မြင်စွာအဆုံးသတ်ခဲ့ကြသည်။
လည်ကောင်.........နိရဉ္စရာ သတင်းမှကူးယူဖော်ပြ ပါသည်။ http://www.narinjara.com/detailsbur.asp?id=2067

.........
.
..
ContactsContacts nyanphyo22@gmail.com
freemanburma
freeman
tutburma
maung tut
photayoke
ကို

   View All
.........